Local News

မုံရွာကုန်စည်ဒိုင်၏ ဒီဇင်ဘာလနောက်ဆုံးပတ်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ၏ နှိုင်းယှဉ်မှုများ

Last Updated:

ကုလားပဲ(မျိုးစုံ)

ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကုလားပဲဖြူလုံးကြီး (၆၆၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၆၆၀၀၀)ကျပ်၊ 929  (၆၁၅၀၀) ကျပ်ပေါက်ဈေးရှိပြီး ယခင် တစ်ပတ်ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး (၆၅၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၆၅၀၀၀) ကျပ်၊ 929 တစ်တင်း လျှင် (၆၀၀၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခုတစ်ပတ် ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက 929နှင့် ကုလားပဲဖြူလုံး(ကြီး/သေး) ဈေးနှုန်းများ အနည်းငယ် မြင့်တက် လာကြောင်း သိရပါသည်။

ပဲစဉ်းငုံ

ပဲစဉ်းငုံသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၅၃၇၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ (၅၄၂၀၀) ကျပ်ရှိ၍   ယခုတစ်ပတ်  ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ပဲစဉ်းငုံ တစ်တင်းလျှင် (၅၀၀) ကျပ် ကျဆင်းသွားကြောင်းသိရပါသည်။

မတ်ပဲ

မတ်ပဲသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၅၄၀၀၀-၅၃၅၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ (၅၆၀၀၀) ကျပ်ရှိ၍  ယခုတစ်ပတ်   ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက (၂၀၀၀) ကျပ် ကျဆင်းသွားကြောင်းသိရပါသည်။

ပဲတီစိမ်း

ပဲတီစိမ်းပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် (ကြီး)  (၄၅၅၀၀-၄၂၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) တစ်တင်း (၃၆၀၀၀)ကျပ် ယခင်တစ်ပတ် ကာလတူ အချိန် ပေါက်ဈေးနှုန်းမှာ ပဲတီစိမ်း(ကြီး) တစ်တင်း (၄၆၅၀၀-၄၂၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) တစ်တင်း (၃၇၀၀၀)ကျပ်ရှိပါသည်။ ယခုတစ်ပတ် ကာလတူပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်း (ကြီး) တစ်တင်းလျှင် (၁၀၀၀)ကျပ်နှင့် ပဲတီစိမ်း (သေး) တစ်တင်းလျှင် (၁၀၀၀)ကျပ် ဖြင့် ဈေးနှုန်းများ ကျဆင်းနေကြောင်းသိရပါသည်။

ပြောင်းဖူးစေ့(CP)၊  ပြောင်းနီ

ယခုတစ်ပတ် ပြောင်းဖူးစေ့(စီပီ)တစ်တင်း (၂၁၀၀၀)ကျပ်၊ ပြောင်းနီ တစ်တင်းလျှင် (၂၀၅၀၀)ကျပ်ပေါက်ဈေးရှိပြီး ယခင်တစ်ပတ် ကာလတူအချိန် တွင် ပြောင်းဖူးစေ့(စီပီ)တစ်တင်း (၁၉၅၀၀)ကျပ်၊ ပြောင်းနီ တစ်တင်းလျှင် (၂၁၀၀၀)ကျပ်ရှိ၍ ယခုတစ်ပတ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက ပြောင်းနီ အနည်းငယ်ကျဆင်းနေပြီး ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၅၀၀)ကျပ်မြင့်တက်လာကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News